JENESYS Programme
Japan-East Asia Network of Exchange for Students and Youths
ဂျပန်အင်တာနေရှင်နယ်ကိုအော်ပိုရေးရှင်းစင်တာ (JICE)
၂၁ ရာစု အရှေ့အာရှ ကျောင်းသားလူငယ် ချစ်ကြည်နှီးနှောဖလှယ်ရေးအစီအစဉ်ကြီး
မြန်မာ ICT လူငယ်ပညာရှင်များအဖွဲ့ (၂၆) ဦးခရီးစဉ်
July-11
မြန်မာနိုင်ငံအတွင်းရှိ၊ တိုင်းနှင့်ပြည်နယ်များမှ ရွေးချယ်စေလွှတ်ခြင်းခံရသော မြန်မာနိုင်ငံ
ကွန်ပျူတာပညာရှင်အသင်းဝင်များဖြစ်ကြသော အဖွဲ့ဝင်(၂၄) ယောက်နှင့်အတူအဖွဲ့ခေါင်းဆောင်
များဖြစ်ကြသော MCF မှDr.ဒေါ်မြင့်မြင့်သန်းနှင့်ဦးမင်းဦး အပါအ၀င်စုစုပေါင်း (၂၆)ယောက်အား
ရန်ကုန်မြို့ချက်ထရီယန် Hotel တွင်လူစု၍ JENESYS လုပ်ငန်းအကျဉ်းနှင့်ရည်ရွယ်ချက်၊ ဂျပန်မလာမှီ သိထားသင့်သည်များအကြောင်းကို JICE မှတာဝန်ရှိသူများကရှင်းလင်းပြောဆို ပါသည်။ ဤရှင်းလင်းပွဲမှခရီးစဉ်အစီအစဉ်ဇယားများကိုပေးဝေပါသည်။
July-12
ချက်ထရီယန် Hotel တွင်အဖွဲ့ဝင်(၂၆) ဦးလုံးလူစု၍ မနက်ပိုင်းတွင်JICE မှတာဝန်ရှိသူများ
ဂျပန်သံရုံးမှ Counselor Mitsuji SUZUKA မှခရီးစဉ် အိုရီယန်တေးရှင်း(၂)ကိုရှင်းလင်းပြောဆို ပါသည်။ ကွန်ပျူတာအသင်းချုပ်မှ ဆရာဦးသိန်းဦးနှင့်ဆရာဦးသောင်းတင်လည်းပါဝင်တက်ရောက်
ပါသည်။ အခမ်းအနားကိုမနက် (၉) နာရီတွင်စတင်ပြီး ညနေ(၅)နာရီအခမ်းအနားရုပ်သိမ်း၍ ချက်ထရီယန်ဟိုတယ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထွတ်ခွာပါသည်။ ရန်ကုန်မှ (၇:၄၅)တွင် ထိုင်း TG လေကြောင်းလိုင်းဖြင့် ဘန်ကောက် သို့ထွတ်ခွာပါသည်။ ဘန်ကောက်သို့ (၉:၄၀)တွင်ရောက်ရှိပါသည်။ ဘန်ကောက်တွင် (၂)နာရီခန့် ဂျပန်လေကြောင်းလိုင်းသို့ပြောင်း စီးရန်ခဏစောင့်ဆိုင်းရပါသည်။ ထို့နောက် ဘန်ကောက်မှ ဂျပန်သို့ ANA လေယာဉ်ဖြင့် (၁၁:၅၅) တွင်ဂျပန်သို့ထွတ်ခွာပါသည်။
July-13
ဂျပန်နိုင်ငံ Tokyo မြို့ရှိ Narita လေဆိပ်သို့ (၈:၁၀) တွင်ရောက်ရှိပါသည်။ ထို့နောက် Narita လေဆိပ်မှ တည်းခိုမည့် ဟိုတယ်သို့ကားဖြင့်သွားပါသည်။ JICE မှတာဝန်ရှိသူများနှင့် ဘာသာပြန်အဖြစ်မြန်မာနှစ်ဦးမှ Asakusa View Hotel သို့ပို့ဆောင်ပေးပါသည်။ ညနေ(၄:၁၃) တွင် Asakusa View Hotel အနီးရှိ TPM အစည်းအဝေးခန်းမတွင် JENESYS မှတာဝန်ရှိသူများမှခရီးစဉ်အကြောင်းရှင်းလင်းပြောဆိုပါသည်။ မြန်မာဘာသာပြန် နှစ်ဦးမှာ ကိုကြည်ဖြူရှိန်နှင့်ကိုထွန်းအောင် ဖြစ်ပါသည်။ ရာသီဥတုမှာပူအိုက်ပါသည်။ ကိုယ်အပူ ချိန်တိုင်းတာပါသည်။
July-14
မနက် (၇:၀၀) တွင် ဟိုတယ်၌ မနက်စာ စားပါသည်။ (၈:၃၀)တွင် ဟိုတယ်မှ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရုံးသို့ ထွက်ခွာပါသည်။ (၉:၀၀)တွင် နိုင်ငံခြားရေးဝန်ကြီးရုံး သို့ရောက်ရှိ ပါသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးအတွင်းသို့ နိုင်ငံခြားရေးဆိုင်ရာ အမှုဆောင်အရာရှိ Ms.စံရှိမုဒ နှင့်တွေ့ဆုံရန်အဖွဲ့ဝင် (၁၀)ဦးသာဝင်ရောက်ခွင့်ရပါသည်။ အချိန် (၁၅)မိနစ်တွေ့ဆုံခွင့် ရပါသည်။ Ms.စံရှိမုဒ မှပြောဆိုချက်များမှာ- မြန်မာနိုင်ငံမှ ICT ပညာရှင်အဖွဲ့အနေဖြင့် ပထမဆုံး လာရောက်ခြင်းဖြစ်ပါသည်၊ အနာဂါတ် ကာလတွင် ICT သည်အရေးပါလာခြင်းကြောင့် ဂျပန်နိုင်ငံ တွင် ICT အထောက်ကူပြုလုပ်ငန်းများတွင် ကူညီပေးပါရန် ပြောဆိုပါသည်။ ဂျပန်နိုင်ငံမှ မြန်မာ နိုင်ငံတွင် ICTTI Project ကိုရန်ကုန်မြို့တွင် အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။ Software နှင့် Networking လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံကိန်းချ လုပ်ဆောင်နေမှု များအား ကူညီပံပိုးပေးရန် ပြောပါသည်။ သင်တန်းများတိုးချဲ့ဖွင့်လှစ်ရန်လည်း စီစဉ်နေပါသည်။ ဂျပန်နိုင်ငံ ICT လုပ်ငန်းများတွင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများရှိပါသည် ဟုပြောဆို ပါသည်။ တွေ့ဆုံပွဲကို မနက် (၁၀:၀၀) တွင် ရုပ်သိမ်းလိုက်ပါသည်။
(၁၀:၀၀) တွင် နိုင်ငံခြားရေးဝန်ကြီးရုံးမှထွက်ခွာ၍ Tokyo မြို့ရှိ UEC တက္ကသိုလ်သို့ သွားရောက်လေ့လာပါသည်။ ဟိုင်းဝေးလမ်းမကြီးများနဘေးတွင် အများသုံးသန့်စင်ခန်းများ ထားရှိ ပေးထားပါသည်။ သန့်စင်ခန်းများအတွင်း သီချင်းများကို အသံတိုးတိုးဖြင့် ဖွင့်ပေးထားပါသည်။ အများသုံးဖုန်းများ အကြွေစေ့ထည့်၍ ၀ယ်ယူနိုင်သောစက်များ ထားရှိပေးထားပါသည်။ အမှိုက်ပုံး များတွင် အမှိုက်များကို လေးမျိုးခွဲ၍ စွန့်ပြစ်ရပါသည်။ သံဗူး၊ ပုလင်း၊ စက္ကူ၊ စားကြွင်းစားကျန် ဟူ၍ ခွဲ၍ ပြစ်ရသည်။ အမှိုက်မီးရှို့ စက်ရုံကြီးများကိုလည်းတွေ့မြင်ရပါသည်။ အမှိုက်များကို မီးရှို့၍ ထွက်လာသော မီးခိုးများကို Filter များအဆင့်ဆင့်ခံ၍ ဓာတုဗေဒ သန့်စင်သော မီးခိုးများသာ ခေါင်းတိုင်အမြင့်မှ စွန့်ထုတ်သည်။ ရရှိလာသော အပူစွမ်းအင်များကို အများသုံးရေချိုးကန်များတွင် အပူပေးသော စနစ်တွင် ပြန်လည်အသုံးချပါသည်။
(၁၁:၁၅)တွင် UEC တက္ကသိုလ်သို့ရောက်ရှိပါသည်။ UEC သို့လေ့လာရခြင်းမှာ ICT အသိုင်းအ၀န်းနှင့် အနာဂါတ် စီးပွားရေးနှင့် လူမှုအသိုင်းအ၀န်းအပေါ် သက်ရောက်မှုများကို လေ့လာရန်ဖြစ်သည်။ ဂျပန်နိုင်ငံကိုယ်စားပြု ICT တက္ကသိုလ်အဖြစ် လေ့လာခြင်းဖြစ်သည်။ ICT ဖြင့် လူစွမ်းအားအရင်းအမြစ်ပျိုးထောင်မှု ပညာရေးဦးတည်ချက်ကိုသိမြင်ရန်၊ နှစ်နိုင်ငံကျောင်း သားများ ခင်မင်ရင်းနှီးစေရန်အတွက်ဖြစ်သည်။ ဂျပန်နိုင်ငံရှိ ICT အခြေအနေကိုသိရှိပြီး မိမိနိုင်ငံ အခြေအနေနှင့် ချိန်ထိုးလေ့လာရန် ဖြစ်သည်။ UEC တက္ကသိုလ်ကျောင်းဝင်းထဲတွင် နိုင်ငံစုံမှ ကျောင်းသားများကို တွေ့မြင်ရပါသည်။ ပက်စပို့ဆိုဒ် အလိုလျှောက်ဓာတ်ပုံရိုက်စက်များ ထားရှိ ပေးထားသည်။ တက္ကသိုလ်ကျောင်းသား(၆၀၀၀)ကျော်ခန့်ရှိသည်။ ထို့နောက် visit professor hideki koike’s laboratory, Deparment of Human Media Systems ကိုသွားရောက် လေ့လာပါသည်။
July - 14
LCD Screen ကို table အဖြစ်သုံး၍ polarize photo electric နည်းပညာနှင့် ပြုလုပ် ထားသော 2D effect သုံး ဂိမ်းကစားနည်း ကိုပြသထားပါသည်။ C++ နှင့် program ရေးထား သည်။ ထို့နောက် professor Takuya Nojima ရဲ့ Virtual Reality Lab ခန်းကိုလေ့လာပါသည်။ C++ program နှင့် ရေးထားသည်။ Robot Arm တစ်ခုဖြစ်သည်။ Generate Hight Density နည်းပညာဖြစ်သည်။ ရုပ်ရှင်လုပ်ငန်းနှင့် Medical လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် တီထွင်နေခြင်း ဖြစ်သည်။
Mobile Phone ဖြင့် ဈေးဝယ်နိုင်ရန် တီထွင်ဖန်တီးနေသောကျောင်းသားတစ်ဦးကိုလည်း တွေ့ရှိရသည်။ Pointing Position Display ဖြင့် Mobile Phone ကိုဖန်တီးထားသည်။ Circular Polarize Plasitic Filter ဖြင့် ကွန်ပျူတာ Screen တွင်တပ်ဆင်ထားသည်။
Professor Tetsuro Nishino မှ Important Feature of ICT Education of UEC အကြောင်း တက္ကသိုလ် ပါမောက္ခ မှရှင်းလင်းပြောကြားပါသည်။ ထို့နောက် Computer Room တွင် Ph.D ဘွဲ့ယူရန် စာတမ်းပြုစုနေသော ဂျပန်ကျောင်းသား Takeru Honda မှ AI Project cerebellum အကြောင်းရှင်းလင်းပြောဆိုပါသည်။ ဘင်္ဂလားဒေ့မှ Ph.D ဘွဲ့ယူရန် စာတမ်းပြုစု နေသော Marie Kishi မှ EUREKA Project မှဖြစ်သော Song Bird System ကိုရှင်လင်း ပြသသည်။ သဘာဝ ကျေးငှက်သံကို ကွန်ပျူတာ Software ဖြင့်ရေးသားပြီး အသံတု ပြုလုပ်ခြင်း အကြောင်းဖြစ်သည်။
ထို့နောက် တက္ကသိုလ်စာကြည့်တိုက်သို့ (၃:၃၀) တွင်သွားရောက်လေ့လာသည်။ စာကြည့် ခုံ- ၆၆၀၊ ၇၆၀၀ စတုရန်းကျယ်ဝန်း၊ ၃ ထပ်အမြင့်ရှိ၊ စာအုပ်ပေါင်း ၄၁၀၀၀၀-ရှိ၊ သိပ္ပံပညာနှင့် ဆိုင်သောစာအုပ်များကို ပိုမိုတွေ့ရှိရပါသည်။ Online Library စနစ်ကို ပြုလုပ်နေသည်။ တစ်နေ့ လျှင်ပျမ်းမျှ ကျောင်းသား (၁၀၀၀) ခန့် လာရောက်လေ့လာပါသည်။ စာအုပ် ဌားရန်းသောအခါ Library Automation System ကိုအသုံးပြုပါသည်။ စာအုပ်စာတမ်းအားလုံးကို ဂျပန်ဘာသာဖြင့် ဘာသာပြန်ဆိုထားသည်။ ကွန်ပျူတာ Laptop များလည်း ဌားရန်းပေးသည်။ Audio၊ Video၊ Room များထားရှိပေးသည်။
ညနေ (၄:၀၀)တွင် Professor Tetsuyg Miki မှ Environment and direction in ICT Innovation and its impact to future society အကြောင်းရှင်းလင်း ပြောဆိုပါသည်။ ညနေ (၅:၀၀)တွင် တက္ကသိုလ်ကျောင်းသားများနှင့်တွေ့ဆုံ၍ Dissusion Session with UEC students social Gathering ကိုပြုလုပ်ပါသည်။ UEC မှာ(University of Electro-Communications) ဖြစ်ပါသည်။ ICT နည်းပညာတွင် ဂျပန်၏ ပထမတန်းတက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ http://www.uec.ac.jp/eng/
July-15
မနက် (၉:၃၀)တွင် Tokyo မြို့ Asakusa View Hotel မှ Nagoya မြို့သို့သွားရန်ထွတ်ခွာ။
ထို့နောက် Tokyo မြို့ရှိ Miraikan National Museum of Emerging Science and Innovation
အနာဂတ်သိပ္ပံနှင့်နည်းပညာ ပြတိုက်သို့ဝင်ရောက်လေ့လာပါသည်။ Asimo Honda Robot Show
ပွဲနှင့် နိုဗယ်ဆုရ သိပ္ပံပညာရှင်များ၏ ပစ္စည်းများကိုပြသထားပါသည်။ ထိုမှတဆင့် Tokyo ဘူတာ
သို့သွားရောက်ပြီး (ရှင်ကန်ဆန်) ခေါ် ကျည်ဆံရထားဖြင့် Nagoya မြို့သို့သွားရောက်ပါသည်။
http://www.miraikan.jst.go.jp
July-16
မနက်(၈:၀၀)တွင် Nagoya မြို့ Royal Park Inn Hotel မှ Toyota Car စက်ရုံသို့လေ့လာ
ရေးသွားပါသည်။ ကားပေါ်တွင် Plasma TV တီထွင်ဖန်တီးသူအကြောင်းပြသပါသည်။ တီထွင်သူအမည်မှာ ရှိနိုဒ ၊ယာမဂုချီ ခရိုင်မှဖြစ်သည်။1973 ခုနှစ်မှာ ဖူဂျစ်ဆု မှာအလုပ်ဝင်ခဲ့တယ်၊
1981မှာ Plasma TV projectကိုစလုပ်ခဲ့တယ်၊1992 ခုနှစ်မှာ တီထွင်ဖန်တီးနိုင်ခဲ့တယ်။ Fujisu မှဖန်တီးထုတ်လုပ်နိုင်ခဲ့တယ်။ 2002 ခုနှစ်မှာဝန်ကြီးချုပ်ရဲ့ တီထွင်ဖန်တီးရှင်ဆုကိုရ ရှိခဲ့တယ်။
Toyota Motomachi ကားစက်ရုံသို့ (၉:၀၀) တွင်ရောက်ရှိပါသည်။(၅၀) မိနစ်ကြာကား
စက်ရုံအတွင်းသို့လိုက်လံပြသပါသည်။ Photo ၊ Video များရိုက်ခွင့်မရပါ။ 1959 ခုနှစ်တွင် Crown
အမည်ပေးထားသောကားနှင့်အောင်မြင်ခဲ့တယ်။ 2009 ခုနှစ်မှာစက်ရုံ နှစ်(၅၀)ပြည့်တယ်။ အလုပ်
သမားဦးရေ(၄၅၀၀)ရှိ၊ 1997 မှာ ISO လက်မှတ်ရ၊ အကျယ်အ၀န်း(160000)စတုရန်းမီတာရှိ။ မနက်ဆိုင်း ၊ညဆိုင်းနဲ့အလုပ်လုပ်၊(၁)နှစ်ကို ကားအစီးရေ(80000) ထုတ်လုပ်သည်။ 1963 ခုနှစ်မှ စတင်ပြီးနိုင်ငံခြားသို့ ကားစက်ရုံအတက်ပညာအကူညီပေး၊ 2003 မှာ GPL ကိုစတင်တည်
ထောင်သည်၊ Toyota ရဲ့ဆောင်ပုဒ်မှာ “Eco-cars are the product of eco-plants and eco-people” ၉၆% Robot နဲ့ပဲပြုလုပ်သည်။ကားတစ်စီးတွင်အစိတ်အပိုင်းပေါင်း (၃၀၀၀၀)ရှိ၊ “သုံးစွဲသူအဓိက” ဆိုတဲ့ဆောင်ပုဒ်ကိုအလေးထား၊ Toyota Cars စက်ရုံပေါင်း ဂျပန်မှာ (၁၂)ရုံ ရှိ၊
ပြည်ပမှာ (၅၅) ရုံရှိ၊ ၀န်ထမ်းပေါင်း (10000) ကျော်လက်ရှိစက်ရုံတွင်ရှိ၊ သုတေသနလုပ်ငန်းများ
လည်းရှိသည်။ Toyota Robot Show ပွဲပြသည်ပါသည်။ Music တီးခက်နိုင်သော Robot (5)ခုဖြစ်
သည်။ http://www.toyota.co.jp/jp/about toyota/facility/toyota kaikan/index.html ။
ထို့နောက် Nippon Steel Corporation သို့လေ့လာရေးသွားသည်။ (၁:၃၅) တွင်ရောက်ရှိ
ပါသည်။အချိန်(၂)နာရီခန့်လေ့လာချိန်ပေးပါသည်၊ ၂ နေရာလေ့လာရပါသည်၊ (၁) သံရည်ကျိုစက်
ရုံ နှင့် (၂) သံနန်းဆွဲစက်ရုံဖြစ်သည်။စက်ရုံအကျယ်မှာ 10 km ပတ်လည်ရှိသည်။ သံရိုင်း၊ ကျောက်မီးသွေး 100% ကိုနိုင်ငံခြားမှဝယ်ယူရပါသည်။ 2009 ခုနှစ်တွင်ကမ္ဘာ့သံမဏိထုတ်လုပ်မှု
တန်ချိန် သန်း(1200)ရှိသည်။ ဂျပန်နိုင်ငံမှ သံမဏိထုတ်လုပ်မှုမှာ တန်ချိန်သန်း(870) ဖြစ်သည်။
Nagoya မြို့ Nippon Steel Corporation မှတန်ချိန်သန်း (40) ထုတ်လုပ်ပါသည်။ Toyota နဲ့
Mitsubishi Car စက်ရုံများတွင်အများဆုံးအသုံးပြုပါသည်။ ၀န်ထမ်း (3000) ကျော်ရှိပါသည်။
July-16
အဆိုင်း (3) ဆိုင်းခွဲပြီးအလုပ်လုပ်ပါသည်၊ ကုမ္မဏီ (167) ခုနှင့်လက်တွဲပြီး လုပ်ဆောင်
ပါသည်။ သံမဏိအရည်ဖျော်တဲ့အပူချိန်မှာ (1300) Cံရှိသည်။ စက်ရုံဝန်းထဲတွင် နားနေဆောင်၊
အားကစားရုံ၊ စားသောက်ဆိုင်များလည်းရှိသည်။ မြေနေရာသည် ပင်လယ်ထဲသို့မြေဖို့ပြီးဆောက်
ထားခြင်းဖြစ်သည်။ စက်ရုံအတွက် ထုံးကျောက်ကိုရထားဖြင့်သယ်သည်။ ကားအစီးပေါင်း(10000)
ကျော်ရှိသည်။ စက်ရုံထဲရှိ သစ်ပင်များကို လွန်ခဲ့သောအနှစ်(40) မှစက်ရုံဝန်ထမ်းများကစိုက်ခဲ့ခြင်း
ဖြစ်သည်။ ဂျပန်+မြန်မာ နှစ်နိုင်ငံအလံများလွှင့်တင်ထားသည်ကိုတွေ့ရှိရပါသည်။ သံမဏိပိုက်လုံး
များဖြင့် ဓါတ်ငွေ့၊ ရေငွေ့၊ အောက်ဆီဂျင်ဓါတ်ငွေ့များကိုပို့ဆောင်ပါသည်။ သံရည်ကျိုပေါင်းဖိုအမြင့်
မီတာ(၅၀)ရှိသည်။ အထူမှာ(၁၅)မီတာရှိ၊ အလေးချိန်မှာ တန်(၁၇၀၀)ရှိ။ အထဲတွင်မီးခံပြားများ
တပ်စဉ်ထား(၃၀၀၀)Cံထိအပူချိန်ခံနိုင်ပါသည်။ မီးခံအုတ်များမှာ (၂)မီတာအထူရှိ၊ သက်တမ်းမှာ
(၁၅)နှစ်ထိသုံးလို့ရသည်။ သံရည်ကျိုဖိုသက်တမ်းမှာ မီးခံအုတ်သက်တမ်းနှင့်အတူတူဖြစ်ပါသည်။
သံမဏိတုံး 4.5 မီလီမီတာအထူမှ 900 မီလီမီတာအထူထိထုတ်လုပ်သည်။ ဂျပန်မှာ တတိယအကြီးဆုံးပေါင်းဖိုဖြစ်သည်။ ကမ္ဘာ့ (၈) ခုမြောက်အကြီးဆုံးဖြစ်၊ ကမ္ဘာ့အကြီးဆုံးပေါင်းဖိုမှာ
ဂျပန်နိုင်ငံ အိုးအိတ မှာရှိသည်။ ကုန်ကြမ်းများကို (၁)လခွဲစာကြိုတင်သိုလှောင်ထားသည်။ ကိုယ်ပိုင် လျှပ်စစ်ဓါတ်အားထုတ်စက်ရုံများရှိပါသည်။ သံရည်ပူများကို တော်ပီဒို ခေါ်ကားနဲ့သယ်
သည် အလေးချိန်တန်(၃၀၀)ရှိသည်။ သံမဏိတုံးတစ်တုံး အကျယ် ၂.၅ မီတာ၊ အထူ ၈ မီတာရှိ
အလေးချိန်မှာတန်ချိန်(၂၀)ရှိသည်။ သံမဏိတုံးများကို အပူချိန်(၁၂၀၀) Cံ ထိအပူပေးပြီးသံပြား
များအဖြစ်အပြားခက်သည်။ တန်(၃၀) ဖိအားသုံးပြီး သံနန်းဆွဲပါသည်။ ၁ နာရီ (၆၀) ကီလိုမီတာ
အမြန်နှုန်းဖြင့် အရှည်ဆွဲသည်။ 50 Micron အထိမလွဲအောင်အပြားခက်နိုင်သည်။ လူ့ဆံချည်မျှင်
မှာ (70) micron ရှိသည်။ သံပြားလိပ်တစ်ခုအပူချိန်မှာ ၆၅၀ Cံရှိသည်။ အလေးချိန်တန်ချိန်(၂၀)
ရှိသည်။ တန်ချိန် (၁၄၀၀၀) ထုတ်လုပ်၊ သံပြားလိပ် (၇၀၀) ထုတ်လုပ်၊ စက်ရုံအတွင်းအပူချိန်မှာ
၄၇ Cံ ရှိသည်။ ၈၀ % မှာ အိမ်သုံးကားနှင့် သံဗူးများလုပ်သည့်နေရာမှာသုံးသည်။ ၂၀ % မှာ
သံလုံးနှင့်သံပိုက်ထုတ်လုပ်သည့်နေရာများတွင်အသုံးပြုပါသည်။
သံနန်းဆွဲသောအခါရေဂါလံ တန်ချိန်(၁၉)သိန်းအသုံးပြုသည်။ Nagoya မြို့တစ်မြို့လုံးရေ
အသုံးပြုမှုမှာ တစ်ရက်တန်ချိန်(၁၀) သိန်းသာအသုံးပြုသည်။ ရေဆိုးများကို ရေသန့်စက်ရုံများနှင့်
Recycle လုပ်ပြီးပြန်လည်၍ အသုံးပြုပါသည်၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံ (၃) ခုရှိပါသည်။ ဓါတ်အား(၁.၅) သိန်းကီလိုဝပ် ထွတ်ရှိသည်။ သံမဏိ ထုတ်လုပ်ပုံအဆင့်ဆင့်ကို လက်တွေ့လေ့
လာခဲ့ရပါသည်။ ဂေဟ၀န်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုကိုလည်း လေ့လာခဲ့ရပါသည်။
http://www.nsc.co.jp/en/index.html
July-17
Nagoya မြို့မှ Ogaki မြို့သို့ထွက်ခွာပါသည်။ မနက်(၉:၀၀) တွင်ဂီဖုပြည်နယ် Ogaki သို့ရောက်ရှိပါသည်။ Home Stay နေထိုင်ရန်အတွက်ဖြစ်သည်၊နိုင်ငံခြားသား (၆၀၀၀) ကျော်ရှိသည်၊ မြို့မှတ်တမ်းဝင် ပထမဆုံးမြန်မာနိုင်ငံသား (၂၆) ဦးအဖြစ်မှတ်တမ်းတင်ခံရပါသည်။
ရေလုပ်ငန်းများစွာရှိသော မြို့ဖြစ်သည်။ (၁၀:၀၀) တွင် Home Stay လက်ခံပွဲကိုစတင်ကျင်းပပါ
သည်။ ဂီဖုပြည်နယ် “နိုင်ငံတကာလူငယ်များ၊ မိတ်ဆွေများအဖွဲ့” မှကြိုဆိုပွဲပြုလုပ်ပါသည်။ စက်မှုလုပ်ငန်းများလည်းတိုးတက်သော မြို့ဖြစ်ပါသည်။ Car ထုတ်လုပ်ရေးလုပ်ငန်းများ၊ IT လုပ်ငန်းများလည်းထွန်းကားသည်။ ဂီဖုပြည်နယ် တက္ကသိုလ် ပါမောက္ခမှ တစ်ဦးချင်းမိတ်ဆက်ပေး
ပါသည်။
နေ့လည်( ၁၁) နာရီတွင် Home Stay နေထိုင်ရန်လက်ခံထားသောမိသားစုများမှ လက်ခံပွဲ
ပြုလုပ်ပါသည်။ ဂျပန်လူမျိုးတို့၏ အလေ့အထကို အတွင်းကျကျ လေ့လာခဲ့ရပါသည်.။
July-18
ဂျပန် ကီမိုနိုဝတ်စုံဝတ်ဆင်၍ ရိုးရာဘုန်းကြီးကျောင်းများ လည်ပတ်ခဲ့ရပါသည်.။ နေ့လည် ၂နာရီတွင် Homestay မိသားစုမှ ပြန်လည်ပို့ဆောင်ပေးပြီး ညစာစားပွဲအတွက်ပြင်ဆင်ပါသည်.။ ညစာစားပွဲဖြင့် ဧည့်ခံပြီး ဂျပန်ရိုးရာ ဓါးသိုင်းကိုပြသပါသည်။ မြန်မာသံစဉ် မြနန္ဒာ သီချင်းဖြင့်ပြန်လည်ဖျော်ဖြေပြီး မြန်မာ့ရိုးရာအကဖြင့်ဧည့်ခံခဲ့ပါသည်။ ကိုကြည်ဖြူရှိန်မှ မြန်မာ့စောင်းတီးခက်ပြီး သီချင်းဆိုပြပါသည်။ မြန်မာ့ရိုးရာအ၀တ်အစား အကြောင်းကိုရှင်းလင်းပြသပါသည်။ မြန်မာနိုင်ငံအကြောင်းကို မြေပုံနှင့်တကွ ရှင်းလင်းပြသပါသည်။ ထို့နောက် Home Stay မိသားစုများနှင့်ခွဲခွာ၍ Nagoya မြို့
သို့ည (၈) နာရီတွင်ပြန်လည်ထွတ်ခွာလာပါသည်။
July-19
Nagoya မြို့ Royal Park Inn Hotel မှမနက် (၉) နာရီတွင်ထွတ်ခွာ၍ Ecopal Nagoya
သို့ဂေဟ စနစ်အကြောင်းသွားရောက်လေ့လာပါသည်။ Ecopal Nagoya တွင် Virtual Studio
Room အတွင်းသို့ဝင်၍ “ ကမ္ဘာကြီးပူနွေးလာမှုအကြောင်း” Program ကိုတင်ပြပါသည်။ 3D TV
ဖြင့်ပြသပါသည်။ တစ်ကမ္ဘာလုံးမှာ အပူချိန်မြင့်တက်လာနေတယ်၊ ခြောက်သွေ့မှုတွေပိုဖြစ်လာ
တယ်၊ မုန်တိုင်းတိုက်၊ ငလျှင်လှုပ်မှု၊ ရေကြီးတာတွေပိုဖြစ်လာတယ်၊ CO2 ထွတ်ရှိမှုပိုများလာတယ်၊
စက်ရုံ၊ ကား၊ တောမီး၊ တွေကြောင့် CO2 ထွတ်ရှိမှုတွေပိုများလာရတယ်၊ ရေခဲတောင်တွေပြိုကျနေ
တယ်၊ ယခုကမ္ဘာမှာ အလွန်ပူပြီး မိုးနည်းလာတဲ့အတွက်၊ လယ်ယာစိုက်ပျိုးရေးတွေခက်ခဲလာတယ်
ကမ္ဘာ့အပူချိန်တိုးလာတာ ပြောင်းလဲနေတာကို တစ်ကမ္ဘာလုံးက သတိပြုမိလာတယ်။
1900-2000 ခုနှစ်အထိ 0.74 Cံ ထိတက်လာတယ်၊ 2100 ခုနှစ်ရောက်လျှင် 6.4 Cံထိ
အပူချိန်တိုးလာနိုင်တယ်။ ဂျပန်နိုင်ငံတွင် တိုင်ဖုန်းမုန်တိုင်းတွေ အဖြစ်များလာတယ်။ ဂျပန်နိုင်ငံ
တွင် အပူပိုင်းဒေသတွေပိုများလာတယ်၊ စိုက်ပျိုးရေးတွေခက်ခဲလာတယ်၊ တချို့တိရိစ္ဆာန်တွေ
ပျောက်ကွယ်သွားနိုင်သည်။ CO2 ကြောင့်အိုဇုန်းလွှာပါးလာတယ်၊ လူသားတွေအသက်ရှင်ရပ်တည်
မှုအတွက်အရေးကြီးလာပါပြီ။ CO2 လျှော့ချဖို့ လိုအပ်လာပြီ၊ သစ်ပင်တွေကိုအလေးထားဖို့လိုအပ်
လာပြီ၊ နေ့ခင်းမှာ CO2 ပိုများလာတယ်၊ စသည့်သဘာဝပတ်ဝန်းကျင်အကြောင်းကိုပြောပြပါ သည်။
ထို့နောက် စွန့်ပစ်စားသုံးဆီမှ ဆပ်ပြာချက်လုပ်နည်းသင်တန်းပေးပါသည်။ သင်တန်းမပေး
မှီ သင့်ပတ်ဝန်းကျင်မှရေနဲ့ပတ်သက်သော ဗဟုသုတများကိုမေးပါသည်။ ပင်လယ်ရေဟာကမ္ဘာ့
မျက်နှာပြင်တွင် ၃ ပုံ ၂ ပုံရှိသည်၊ ရေဟာငန်သည်၊ လူအများသုံးလို့ရသောရေချိုဟာ ၃ % ပဲရှိ
ကြောင်း၊ အသုံးပြုမရသောပင်လယ်ရေဟာ ၉၇ % ရှိကြောင်းပြောပြပါသည်။
July-19
လူသားများချက်ခြင်းအသုံးပြုနိုင်သော ရေချိုသည် 0.01% သာရှိပါသည်။ ရေထုညစ်ညမ်း
ရခြင်းအကြောင်းအရင်းမှာ-
(၁) မွေးမြူရေးလုပ်ငန်း -12%
(၂) စက်ရုံ/စားသောက်ဆိုင် -31%
(၃) အိမ် -57%
(၄) မီးဖိုချောင် -38.5%
(၅) အိမ်သာ -30%
(၆) ရေချိုးကန် -21% (ဆပ်ပြာ)
(၇) အ၀တ်လျှော်စက် -10.5%
ရှိပါသည်။
ဂျပန်ဟင်းချို (၁)ပန်းဂံငါးကန်ထဲသို့သွန်လိုက်လျှင် ရေညစ်ညမ်းပြီး ကန်ထဲရှိငါးတွေသေ
သွားနိုင်ပါသည်။ ရေချိုးကန်တစ်ကန်လျှင် Litter-300 ရှိသည်။ ဟင်းချို ၁ ခွက်=180 ml ရှိသည်။
ငါးကန်ရေသန့်ပြန်ဖြစ်ဖို့ ရေချိုးကန် 4.7 ကန်လိုမည်ဖြစ်သည်။
- ဆော့ 15 cc ဇွန်းတစ်ဇွန်းစာဆိုလျှင် ရေသန့်ပြန်ဖြစ်ဖို့ 1.3 ကန်လိုမည်ဖြစ်သည်။
- နွားနို့ 200 ml ဆိုလျှင် 11 ကန်လိုမည်ဖြစ်သည်။
- သုံးပြီးသား စားဆီ 200 cc ဆိုလျှင် ရေသန့်ပြန်ဖြစ်ရန် 200 ကန်လိုမည်ဖြစ်သည်။
ဂျပန်နိုင်ငံတွင် စွန့်ပြစ်စားသုံးဆီ စွန့်ပြစ်နည်းမှာ-
(၁) သတင်းစာနဲ့စုတ်ပြီး စွန့်ပြစ်တယ်
(၂) ဓါတုဗေဒ ဆေးတစ်မျိုးသုံးပြီး ခဲစေတယ်၊ ပြီးမှမီးရှို့  ပြစ်တယ်
(၃) ပြန်ပြီးအသုံးပြုတယ်
စွန့်ပြစ်ဆီမှ ဆပ်ပြာလုပ်နည်းမှာ-
Na4 Si O4 = 15 cc
Water = 25 cc
Oilစားဆီ = 25 cc
3R သုံးပါ = Reduce
= Reused
= Recycle ဖြစ်သည်။ကိုယ်တိုင်ဆပ်ပြာလုပ်နည်းသင်တန်းတက်ရပါသည်။
July-19
နေ့လည် (၁)နာရီတွင် Nagoya ရဲတိုက်သို့လေ့လာရေးခရီးသွားရပါသည်။ 1609 ခုနှစ်တွင် တည်ဆောက်ပြီးသည်။ ယခုအခါ ဂျပန်နိုင်ငံ၏ အရေးကြီးယဉ်ကျေးမှုအမွေအနှစ်အဖြစ်
ထိန်းသိမ်းထားသည်။ ဤရဲတိုက်အမိုးစွန်းရှိ ရွှေရောင်းငါးကြီး ( ခြင်္သေ့မျက်နှာနှင့်ဝေလငါးကိုယ်)
၂ ကောင်မှာ Nagoya အမှတ်အသားအဖြစ် လူသိများပါသည်။ ညနေ (၄) နာရီတွင် Nagoya မှ
ကျည်ဆံရထားဖြင့် Tokyo သို့ပြန်လာပါသည်။ http://www.nagoyajo.city.nagoya.jp/13 english/index.html
July-20
မနက်(၈) နာရီတွင် Tokyo မြို့ Asakusa View Hotel မှ NTT DOCOMO R&D ပြခန်းသို့
လေ့လာရေးထွတ်ခွာပါသည်။ Yokosuka မြို့တွင်ရှိပါသည်။ (၉:၄၀) တွင် NTT DOCOMO သို့ရောက်ရှိပါသည်။ နှစ်နိုင်ငံ အလံများလွှင့်တင်ထားသည်ကိုအ၀င်တွင်တွေ့ရှိရ ပါသည်။ အုပ်စု ၂ ခုခွဲ၍လေ့လာရပါသည်။ NTT DOCOMO , Ins အကြောင်းရှင်းလင်းပြသပါသည်။ 1997 ခုနှစ်တွင်
စတင်တည်ထောင်ပါသည်။ ၀န်ထမ်းအင်အားမှာ (၆၀၀၀) ရှိပါသည်။ ဆောင်ပုဒ်မှာ “ Wealth, Human Activities and Revolution for the Future” ဖြစ်သည်။ Mobile Phone System အကြောင်းပြသပါသည်။
1- Voice -Analoge System- 1G
2- Voice+Data -Digital-2G
3- Hight Speed Data -Digital-3G
3G=300 Mbp Rate ရှိသည်။ ဂျပန်နိုင်ငံ Mobile Phone LTE handset တွေမှာ 3G ကိုအသုံးပြုထားသည်။ ထို့နောက်ပြခန်းများကိုလှည့်လည်ပြသည်ပါသည်။
Intrabody Communication အကြောင်းပြသ-
လူကို Cable အနေဖြင့်အသုံးပြု၍ Bone Condiduction စနစ်ဖြင့် အရိုးကနေအသံကြားရ
သောစံနစ်ကိုလက်တွေ့ပြသပါသည်။ 2020 ခုနှစ်တွင် 4G စနစ်ဖြစ်အောင်ပြုလုပ်နေသည်။
Future Shopping ဖုန်းနှင့်ဈေးဝယ်ခြင်းစနစ်များ၊ 3D မျက်မှန်ကိုအသုံးပြု၍ ကြည့်ရသော
Nandemo Interface ပြခန်းများကိုလေ့လာကြည့်ခဲ့ရပါသည်။
NTT DOCOMO တွင် လျှပ်စစ်စွမ်းအင်ကို 70 kw Solar Power ကိုအသုံးပြုထားသည်။ Wind Power – 5 kw အသုံးပြုပါသည်။ 2010 Dec မှစတင်ပြီး Sensor Network System ကိုစတင်အကောင်ထည်ဖော်နေပါသည်။ PFID chip ကိုအသုံးပြုထားသည်။
အနာဂတ်လူနေမှု စနစ်အတွက် ကြိုးပန်းဆောင်ရွက်နေသော သုတေသနလုပ်ငန်းများကို
ပြသထားပါသည်။ http://www.nttdocomo.co.jp/english/corporate/technology/rd/rdcenter/wharf/index.html
နေ့လည်(1) နာရီတွင် ကမာကူရာမြို့ရှိ ခိုးတိုခုအင်းဘုရားကြီးသို့လေ့လာရေးသွားပါသည်။
ခိုးတိုခုအင်း ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ကမာကူရာ ဘုရားဆင်းတုတော်ကြီးကိုသွား
ရောက်ဖူးမျှော်ရပါသည်။ မော်ကွန်းဝင် ဘုရားကြီးအဖြစ်အသိအမှတ်ပြုထားပါသည်။
July-21
Nippon Telegraph and Telephone Public Corp (NTT) နည်းပညာသမိုင်းပြ
တိုက်သို့လေ့လာရေးသွားရပါသည်။ Musashino မြို့တွင်တည်ရှိပါသည်။ ဆက်သွယ်ရေး
နည်းပညာများဖွံ့ဖြိုးတိုးတက်လာပုံနှင့် R&D ပြခန်းများကိုလေ့လာရပါသည်။ 1950 တွင်
MUSASHINO Exchange ကိုစတင်အကောင်ထည်ဖော်ခဲ့ပါသည်။ 1960 တွင် Ph-600
Telephone Set တပ်စဉ်ပြီးဖြစ်သည်။ 1970 တွင် Optical Fiber ကိုစတင်အသုံးပြုသည်။
ဆက်သွယ်ရေးနည်းပညာများစွာကို ပြသည်ထားပါသည်။ အနာဂတ်ဆက်သွယ်ရေးနည်း
ပညာများစွာကိုလည်းလေ့လာ တွေ့ရှိခဲ့ရပါသည်။ ဆက်သွယ်ရေးစက်များ၊ ဆက်သွယ်ရေး
ပစ္စည်းများစွာကို အဆင့်ဆင့်တိုးတက်လာပုံများကိုလည်းလေ့လာသိရှိခဲ့ရပါသည်။
NTT Group ကတီထွင်ဖန်တီးခဲ့သော ကိုယ်ပိုင်နည်းပညာ အမွေအနှစ်များ၏
သမိုင်းကြောင်းကို စုစည်းပြသထားသည်။ နည်းပညာတိုးတက်မှုနှင့်လူမှုဘ၀ပြောင်းလဲမှု
ဆက်စပ်ပုံသမိုင်းကြောင်းကိုခြေရာကောက်နိုင်ပြီး၊ နည်းပညာကဏ္ဍအလိုက်ဆင့်ကဲတိုး
တက်မှုဖြစ်စဉ်ကို အသေးစိတ်လေ့လာနိုင်ပါသည်။
http://www.hct.ecl.ntt.co.jp/english/overview.html
နေ့လည် (၂)နာရီတွင် Akihabara လျှပ်စစ်မြို့တော်သို့ လေ့လာရေးခရီးသွားပါ
သည်။ လျှပ်စစ်ပစ္စည်းမျိုးစုံကိုတစ်နေရာတည်းတွင် ၀ယ်ယူရရှိနိုင်ပါသည်။ ထို့နောက် UEC
တက္ကသိုလ်သို့ ညနေ(၅) နာရီတွင် နှုတ်ဆက်ညစာစားပွဲသို့ သွားပါသည်။ ဂျပန်+မြန်မာ
သံမှူးဒေါ်အယ်နန်းစံတက်ရောက်ပါသည်။အဖွဲ့အနေဖြင့်သိရှိသည်များ၊ လေ့လာခဲ့ရသည်
များ၊ သတိပြုမိသည်များအကြောင်း ခရီးစဉ်ရလဒ်ကို ဖတ်ကြားတင်ပြပါသည်။
July-22
မနက်(၇) နာရီတွင်လူစု၍ Tokyo မြို့ Narita လေဆိပ်သို့ထွက်ခွာပါသည်။ Tokyo-Bangok, Bangok – Yangon သို့ လေယာဉ်ဖြင့် ရန်ကုန်သို့ည(၇:၄၅) တွင်ပြန်
လည်ရောက် ရှိပါသည်။